0
0
No products in the cart.

All Star Mobile ("ကျွန်ုပ်တို့") သည် ဝယ်ယူအားပေးသူ မိဘပြည်သူများ၏ ကိုယ်ရေးအချက်အလက် လုံခြုံမှုကို အလေးအနက်ထား တန်ဖိုးထားပါသည်။ ဤကိုယ်ရေးအချက်အလက် ထိန်းသိမ်းမှု မူဝါဒသည် ကျွန်ုပ်တို့၏ Website တွင် လူကြီးမင်းတို့ ဝယ်ယူအားပေးချိန်၌ သင်၏ အချက်အလက်များကို မည်သို့ စုဆောင်း၊ အသုံးပြု၊ ထိန်းသိမ်းကာကွယ်ပေးသည်ကို ရှင်းလင်းစွာ ဖော်ပြထားခြင်း ဖြစ်ပါသည်။

၁။ ကျွန်ုပ်တို့ စုဆောင်းသော ကိုယ်ရေးအချက်အလက်များ

လူကြီးမင်းတို့ Website မှတစ်ဆင့် ပစ္စည်းဝယ်ယူရန် Order တင်သည့်အခါ သို့မဟုတ် Account ဖွင့်သည့်အခါတွင် အောက်ပါ အချက်အလက်များကို ကောက်ယူနိုင်ပါသည်။

  • အခြေခံ အချက်အလက်များ: အမည်၊ ဖုန်းနံပါတ်၊ အီးမေးလ် လိပ်စာ။

  • ပို့ဆောင်ရေး အချက်အလက်များ: ပစ္စည်းပို့ဆောင်ရမည့် နေရပ်လိပ်စာ။

  • ဝယ်ယူမှု မှတ်တမ်း: သင်ဝယ်ယူခဲ့သော ကုန်ပစ္စည်း မော်ဒယ်များနှင့် ဈေးနှုန်းမှတ်တမ်းများ။

၂။ အချက်အလက်များကို မည်သို့ အသုံးပြုသလဲ

စုဆောင်းရရှိထားသော လူကြီးမင်းတို့၏ အချက်အလက်များကို အောက်ပါ ကိစ္စရပ်များတွင်သာ အသုံးပြုပါမည်။

  • လူကြီးမင်းတို့ မှာယူထားသော ကုန်ပစ္စည်းများကို တိကျမှန်ကန်စွာ ပို့ဆောင်ပေးရန်။

  • Order အခြေအနေများနှင့် ပတ်သက်၍ ဆက်သွယ် အကြောင်းကြားရန်။

  • ဆိုင်၏ အထူးပရိုမိုးရှင်းများနှင့် သတင်းအချက်အလက်များကို ပြန်လည်မျှဝေရန် (အကယ်၍ လူကြီးမင်းမှ လက်ခံရန် ရွေးချယ်ထားပါက)။

  • Website ၏ ဝန်ဆောင်မှုနှင့် ဝယ်ယူမှု အတွေ့အကြုံကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်ရန်။

၃။ အချက်အလက်များ ထိန်းသိမ်းခြင်းနှင့် လုံခြုံရေး

  • တတိယလူအား မျှဝေခြင်း မပြုလုပ်ပါ: လူကြီးမင်းတို့၏ ကိုယ်ရေးအချက်အလက်များကို မည်သည့် ပြင်ပအဖွဲ့အစည်း၊ မည်သည့် လုပ်ငန်းစုထံသို့မျှ ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အလွဲသုံးစား မျှဝေခြင်း လုံးဝ(လုံးဝ) ပြုလုပ်မည် မဟုတ်ပါ။

  • ပို့ဆောင်ရေး လုပ်ငန်းများ: ပစ္စည်း ပို့ဆောင်ပေးမည့် Delivery/Logistics လုပ်ငန်းများထံသို့ ပစ္စည်းမှန်ကန်စွာ ရောက်ရှိနိုင်ရန်အတွက်သာ အမည်၊ ဖုန်းနံပါတ်နှင့် လိပ်စာတို့ကို စနစ်တကျ မျှဝေပါမည်။

  • လုံခြုံရေး စနစ်: လူကြီးမင်းတို့၏ အချက်အလက်များကို အွန်လိုင်းပေါ်တွင် ဘေးကင်းလုံခြုံမှု ရှိစေရန် ခေတ်မီ နည်းပညာစနစ်များဖြင့် အကောင်းဆုံး ထိန်းသိမ်း စောင့်ရှောက်ထားပါသည်။

၄။ ကွတ်ကီး (Cookies) အသုံးပြုမှု

ကျွန်ုပ်တို့၏ Website သည် လူကြီးမင်းတို့ သုံးစွဲရ ပိုမိုမြန်ဆန် ချောမွေ့စေရန်နှင့် သင်စိတ်ဝင်စားနိုင်မည့် ဖုန်း၊ Accessories မော်ဒယ်များကို မှတ်သားပေးနိုင်ရန်အတွက် Cookies များကို အသုံးပြုနိုင်ပါသည်။ မိမိ၏ Browser Settings တွင် Cookies အသုံးပြုမှုကို ပိတ်ပင်ထားနိုင်သော်လည်း Website ၏ အချို့သော လုပ်ဆောင်ချက်များတွင် အဆင်မပြေမှု ရှိနိုင်ပါသည်။

၅။ မူဝါဒ ပြောင်းလဲခြင်း

All Star Mobile သည် ဤ Privacy Policy မူဝါဒကို လိုအပ်ပါက အချိန်မရွေး ပြင်ဆင်ပြောင်းလဲပိုင်ခွင့် ရှိပြီး၊ ပြောင်းလဲမှုများ ရှိခဲ့ပါက ဤ Page တွင်ပင် နောက်ဆုံးရ အချက်အလက်များကို အချိန်နှင့်တပြေးညီ ပြောင်းလဲ ဖော်ပြပေးသွားပါမည်။

၆။ ဆက်သွယ်ရန်

ဤ ကိုယ်ရေးအချက်အလက် ထိန်းသိမ်းမှု မူဝါဒနှင့် ပတ်သက်၍ မေးမြန်းလိုသည်များ ရှိပါက ကျွန်ုပ်တို့ထံ တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။

  • ဆိုင်အမည်: All Star Mobile

  • ဖုန်းနံပါတ်: 09260069644

  • ဆိုင်လိပ်စာ: ၆၉ လမ်း၊ ၃၈ လမ်း နှင့် ၃၉ လမ်းကြား၊ မန္တလေးမြို့။