0
0
No products in the cart.

Grand Opening of AllStar Mobile

7月 22, 2026 / By All Star Mobile / in Ecommerce Electronic

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့ (၁၂.၇.၂၀၂၆) ကတော့ ကျွန်တော်တို့ AllStar Mobile (AS Mobile) မိသားစုအတွက် တကယ်ကို ရင်ခုန်ကြည်နူးရတဲ့ အမှတ်တရ နေ့လေးတစ်နေ့ပါ။ ချစ်ရတဲ့ မိတ်ဆွေတွေ၊ အနုပညာရှင်တွေရဲ့ အားပေးဝန်းရံမှုနဲ့အတူ ဆိုင်အသစ်လေးကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့လို့ အရမ်းကို ပျော်ရွှင်မိပါတယ်။

ဒီဆိုင်လေး အခုလို ဖြစ်မြောက်လာဖို့အတွက် အစစအရာရာ ခွန်အားပေး ပံ့ပိုးပေးခဲ့တဲ့ ဖေဖေ ဦးစောချမ်းသာနဲ့ မေမေ ဒေါ်နန်းမိုးစာကြင် တို့ကို အရင်ဆုံး ကျေးဇူးတင်ချင်ပါတယ်။ ရှေ့ဆက်ပြီးတော့ ဆိုင်ရဲ့ လုပ်ငန်းဆောင်တာတွေကို AS Mobile ရဲ့ Founder ဖြစ်တဲ့ သမီး မနန်းနှင်းပွင့်ဖြူ( Nan Hnin Pwint Phyu ) နဲ့ သားဖြစ်သူ မောင်စိုင်းကောင်းထက်ပိုင်( Mg Sai Kaung Htet Paing) တို့ကနေ လူငယ်တွေရဲ့ တက်ကြွတဲ့ အိုင်ဒီယာတွေ၊ အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့အတူ ဦးဆောင်သွားမှာ ဖြစ်ပါတယ်။

 

  • Posted by PZaai

87ed10fc-8f0c-4b38-a2ae-34d71e7795e5
4c685259-e837-4a01-97e7-f26c69d52c2f
4a739445-e0b4-4f2f-9a2e-b42f8d30c996
2bb07443-9d92-4db8-a338-1ce67548c7dc
 

64ad900e-a07c-434d-837e-b0ad787eab95
 

ဆိုင်ဖွင့်ပွဲနေ့လေးမှာ ဖိတ်ကြားချက်ကို လက်ခံပြီး တကူးတက လာရောက်အားပေးကြတဲ့ အနုပညာရှင်တွေဖြစ်တဲ့ ကိုဖာစီ၊ ကိုအောင်ရဲကျော် နဲ့ မကီကို (Kiko) တို့ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ လူချစ်လူခင်ပေါတဲ့ အနုပညာရှင်တွေ ကိုယ်တိုင်ကိုယ်ကျ လာရောက်ပေးတဲ့အတွက် ကျွန်တော်တို့ရဲ့ ဆိုင်ဖွင့်ပွဲလေးက ပိုပြီးတော့ အသက်ဝင် စည်ကားသွားခဲ့ရပါတယ်

9f09de8f-d10e-4578-bf40-79103fa024b1
IMG_6189
07217e1a-a85c-464b-b444-00bd896087bb
832b3a82-b303-409f-ad45-4772308a0a7f
 

အဝေးကနေဖြစ်ဖြစ်၊ ကိုယ်တိုင်ကိုယ်ကျဖြစ်ဖြစ် လာရောက်ဂုဏ်ပြုပေးကြတဲ့ မိတ်ဆွေတွေ၊ လုပ်ငန်းရှင်တွေ အားလုံးကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်

အခုဆိုရင်တော့ AllStar Mobile ဆိုင်ကြီးကို တရားဝင် စတင်ဖွင့်လှစ်လိုက်ပြီမို့ ချစ်ရတဲ့ ကာစတန်မာတွေအနေနဲ့ ယုံကြည်စိတ်ချစွာနဲ့ လာရောက်အားပေးနိုင်ပါပြီ။ ဖုန်းနဲ့ ပတ်သက်တာပဲဖြစ်ဖြစ်၊ Accessories တွေပဲဖြစ်ဖြစ် လိုအပ်တာရှိရင် ကျွန်တော်တို့ AllStar Mobile ကို သတိရလိုက်ပါနော်။ လာရောက်အားပေးမယ့် တစ်ဦးချင်းစီတိုင်းကို အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့ နွေးထွေးစွာ ကြိုဆိုနေပါတယ်